မြန်မာစပါးကြီးမြွေလို့ လူသိများတဲ့ အောင်လအန်ဆန်ကို မကြာခင်မှာပဲ ရုပ်သံ ကြော်ငြာတခုမှာ ကျေးတောသားလေးအသွင်နဲ့ ပရိသတ်တွေက ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
ကြော်ငြာရိုက်ကွင်းပေါ်က ကျေးတောသားလယ်သမားတဦး အသွင်ပုံရိပ်တွေကို သူ့ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မတ် ၁၅ ရက်နေ့က မျှဝေထားခဲ့တာပါ။
ပထမပုံတပုံမှာတော့ မြန်မာကောင်းဘွိုင်လို့ အညွှန်းတပ် ဖော်ပြထားပြီး နွားတကောင်နဲ့အတူ မြန်မာဝတ်စုံ ဝတ်ကာ ရိုက်ကူးထားခဲ့တဲ့ ပုံကို မျှဝေခဲ့တာပါ။
နောက်ထပ်မျှဝေထားတဲ့ ပုံတွေမှာတော့ ရှုတင်ရိုက်ကူးရေး အဖွဲ့သားတွေနဲ့အတူ လယ်ကွင်းပြင်ထဲမှာ ရိုက်ကူးထားတဲ့ ပုံတွေ၊ လှည်းမောင်းနေတဲ့ ပုံတွေကို တွေ့ကြရမှာ ဖြစ်ပါတယ်။
ပုံအညွှန်းမှာတော့ မြန်မာ့သြဘာလုပ်ငန်းစု ကြော်ငြာရှုတင်လို့ ဖော်ပြထားခဲ့တာကို တွေ့ရပြီး အင်္ဂလိပ်ဘာသာနဲ့ ခုလိုရေးသားထားပါတယ်။
“I would be OK living as a farmer here for the rest of my life. I am definitely in my element”
အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မြန်မာနိုင်ငံမှာ ကျင်းပတဲ့ One Championship လိုက်ဟဲဗီးဝိတ်တန်းပြိုင်ပွဲမှာ ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား မာချာဒိုကို ပထမအချီမှာတင် အလဲထိုး အနိုင်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်က ကျင်းပတဲ့ မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲမှာလည်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ဆုကို ရရှိထားတာမို့ ကမ္ဘာ့ချန်ပီယံဆု ၂ ဆုရ ရှိထားသူ ဖြစ်ပါတယ်။
လက်ရှိ သူ မျှဝေထားခဲ့တဲ့ ဓာတ်ပုံတွေရဲ့ အောက်မှာတော့ ပရိသတ်တွေက ပျော်ပျော်ရွှင်ရွှင်နဲ့ မှတ်ချက်တွေ အမျိုးမျိုး ရေးခဲ့ကြတာကို တွေ့ရပါတယ်။
The post မြန်မာကောင်းဘွိုင်၊ ကျေးတောသားလေးအသွင် အောင်လအန်ဆန် appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။