ဆီးရီးယားနိုင်ငံ အာဖရင်ဒေသမှာ မနေ့က တူရကီအစိုးရတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁ သောင်း ၀န်းကျင်လောက် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဆီးရီးယား ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ YPG က မတ်လ ၁၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ရာပေါင်းများစွာသော စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ အာဖရင် အရှေ့ တောင်ပိုင်း အာလမ်တောင်ဘက် ဦးတည်ထွက်ခွာနေတဲ့ ဗွီဒီယိုဖိုင်ကို ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တူရကီ စစ်တပ်ဟာ တူရကီနယ်စပ်အနီး ဆီးရီးယား မြောက်ပိုင်းဒေသကို ထိန်းချုပ်ထားတဲ့ ကာ့ဒ်လက်နက်ကိုင် တပ်ဖွဲ့တွေကို မောင်းထုတ်ဖို့ လွန်ခဲ့တဲ့ ၂ လကတည်းက အပြင်းအထန် ထိုးစစ်ဆင်နေခဲ့တာပါ။
တူရကီရဲ့ တိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့လူတွေဟာ အာဖရင် ဒေသထဲက နေအိမ် တွေကို စွန့်ခွာပြီး အစိုးရထိန်းချုပ်တဲ့ နယ်မြေဆီ ထွက်ပြေးခဲ့ရပြီးဖြစ်ကြောင်း လူအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံး(OCHA) ပြောထားပါတယ်။
The post ဆီးရီးယားတွင် တူရကီလေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ သောင်းကျော် ထွက်ပြေး appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။