မကျွတ်မလွတ်တဲ့သူတွေအတွက် အကျွတ်အလွတ်လှူဒါန်းပွဲကို ရန်ကုန်တိုင်း၊ ဒလမြို့နယ် သပြေကုန်းကျေးရွာ ဓနိတောသုဿန်မှာ မတ်လ ၁၅ ရက်နေ့ ည ၈ နာရီက ပြုလုပ်ခဲ့ပါတယ်။
အခုလိုပြုလုပ်လာတာဟာ ၇ ကြိမ်မြောက်ရှိပြီဖြစ်ပြီး မင်္ဂလာပါ ပရဟိတအသင်းက ဦးဆောင်ပြုလုပ်ခဲ့တာပါ။ သံဃာ ၄ ပါးပင့်ဖိတ်ပြီး အမျှတန်းပေးဝေပြီးတဲ့နောက်မှာတော့ မကျွတ် မလွတ်သူတွေအတွက် ကျွေးမွေးလှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။
ထမင်း သက်သက်လွတ်ဟင်း၊ အသားဟင်းတွေနဲ့ ကျွေးမွေးခဲ့တာဖြစ်ပြီး ကျွေးမွေးနေချိန်တွေမှာ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ မင်္ဂလာပါ ပရဟိတအသင်းရဲ့ ဦးဆောင်သူ ဦးအောင်ကျော်မြင့်က ဒီဗွီဘီကိုပြောပါတယ်။
အခုလိုကျွေးမွေးရတာဟာ မကျွတ်မလွတ်သူတွေကို ကျွတ်လွတ်စေချင်တာဖြစ်ပြီး သာမန်လူတွေအတွက် စားသောက်နေထိုင်ဖို့ အခက်ခဲမရှိပေမယ့် တရားတော်တွေထဲမှာလည်း မကျွတ်မလွတ်သူတွေအတွက် အခက်ခဲများစွာရှိနေတယ်လို့ ဖော်ပြထားတာကြောင့် အခုလို အကျွတ်အလွတ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ပေးရတာလို့ စီစဉ်သူတွေက ပြောပါတယ်။
သတင်းဓာတ်ပုံ – မိုးပြည့်
The post မကျွတ်မလွတ်သူများအတွက် အကျွတ်အလွတ်လှူဒါန်းပွဲ (ဓာတ်ပုံ) appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။