အလယ်ဥရောပနိုင်ငံ စလိုဗက်ကီးယားနိုင်ငံမှာ ၀န်ကြီးချုပ် ရောဘက်ဖီကို ရာထူးက နုတ်ထွက်ပေးရုံနဲ့ မကျေနပ်သေးဘဲ ရွေးကောက်ပွဲကို အချိန်စောပြီးကျင်းပပေးဖို့ မတ်လ ၁၆ ရက်နေ့က နိုင်ငံတ၀န်း လူပေါင်း သောင်းနဲ့ချီ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
အစိုးရရဲ့ အဂတိလိုက်စားမှုလို့ ယုံကြည်ရတဲ့ အကြောင်းအရာကို ဖော်ထုတ်ဖို့ ကြိုးစား နေတဲ့ လူငယ်သတင်းထောက် ၁ ဦး အသတ်ခံရပြီးနောက်မှာ နိုင်ငံတ၀န်း ၀န်ကြီးချုပ် ရောဘက်ဖီကို ကို ရာထူးကနုတ်ထွက်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
နိုင်ငံတ၀န်း ၃၅ မြို့မှာ ဆန္ဒပြသူတွေဟာ “အစိုးရ အလုပ်မလုပ်”၊ “ဖီကို ထွက်သင့်ပြီ” စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက အစိုးရရဲ့ အဂတိလိုက်စားမှုတွေကို သတင်းရေးသားဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ သတင်းထောက် ဂျန် ကူချက်ဟာ နေအိမ်မှာ ချစ်သူနဲ့အတူ ပစ်သတ်ခံခဲ့ရတာပါ။ အဲဒီဖြစ်ရပ်ဟာ ပြည်သူလူထုကို အမျက်ဒေါသ ထွက်စေခဲ့ပါတယ်။
ဆလိုဗေးကီးယားနိုင်ငံမှာ ဆယ်စုနှစ် သုံးစုကြာ အဂတိလိုက်စားမှုတွေနဲ့ ခရိုနီဝါဒတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့အပေါ် ပြည်သူလူထုက အခဲမကျေ ဖြစ်ခဲ့တာပါ။ ဒီခံစားချက်တွေကို ဂျန်ကူချက် အသတ်ခံရမှုက ပိုပြီး လှုံ့ဆော်ပေးနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ဖော်ပြထားပါတယ်။
The post ရွေးကောက်ပွဲ အချိန်စောကျင်းပပေးရန် စလိုဗက်ကီးယားပြည်သူ သောင်းချီ ဆန္ဒပြ appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။