အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်က နိုင်ငံခြားဆောက်လုပ်ရေး ကုမ္ပဏီတခုမှာ မတ်လ ၁၇ ရက်က ပေါက်ကွဲမှုတခုကြောင့် အနည်းဆုံး လူ ၃ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
ထိခိုက်သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းတွေကတော့ ထိခိုက် သေဆုံးမှု မရှိခဲ့ဘူးလို့လည်းပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းအရင်း အတိအကျကို စုံစမ်းနေဆဲဖြစ်ပြီး ဘယ်အဖွဲ့အစည်းကမှ ဒီလုပ်ရပ်အတွက် တာဝန်ရှိကြောင်း မကြေညာသေးပါဘူး။
အခုပေါက်ကွဲမှုဟာ တခြားပေါက်ကွဲမှု ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ရင် အသေးအဖွဲ့ဖြစ်ပေမယ့် လတ်တလော ကဘူးလ်မြို့တွင်း ဆက်တိုက်ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် လူတွေသေဆုံးမှု အရေအတွက်ကို တိုးလာစေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
The post အာဖဂန်နစ္စတန် ဆောက်လုပ်ရေး ကုမ္ပဏီတခုတွင် ပေါက်ကွဲမှုဖြစ်ပွား၊ လူ၃ ဦးသေ appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။