Adidas အားကစားကုမ္ပဏီဟာ ဂျာမနီ၊ စပိန်၊ အာဂျင်တီးနား အပါအဝင် အသင်း ၉ သင်းရဲ့ အဝေးကွင်းဂျာစီတွေကို မိတ်ဆက်ပြသလိုက်ပါတယ်။
Adidas ရဲ့ ဒီဇိုင်းသစ်တွေထဲမှာ ဂျာမနီအသင်းက ၁၉၉၀ ကမ္ဘာ့ဖလားမှာ ဝတ်ဆင်ဖူးတဲ့ အစိမ်းရောင်ဂျာစီကို ပြန်လည်ဆန်းသစ်ပြီး ဝတ်ဆင်မှာပါ။
စပိန်အသင်းရဲ့ အဝေးကွင်းဂျာစီကတော့ အဖြူရောင်ပေါ်မှာ အပြာရောင် ဒေါင်လိုက် အစင်းကြောင်းလေးတွေနဲ့ ပြုလုပ်ထားပြီး ကော်လံနဲ့ လက်စီးတွေကို အနီရောင်နဲ့ ချုပ်လုပ်ထားပါတယ်။
ဒါ့အပြင် အာဂျင်တီးနားအသင်းရဲ့ အဝေးကွင်းဝတ်စုံကတော့ ပထမဆုံးအကြိမ်အနေနဲ့ အနက်ရောင်နဲ့ ချုပ်လုပ်ထားပြီး လက်မောင်းမှာတော့ အဖြူရောင် ဒေါင်လိုက်အစင်းတွေနဲ့ ချုပ်လုပ်ထားတာဖြစ်ပါတယ်။
Adidas ကုမ္ပဏီအနေနဲ့ စပွန်ဆာပေးထားတဲ့ တခြားနိုင်ငံတွေဖြစ်တဲ့ ရုရှား၊ ဂျပန်၊ ကိုလံဘီယာ၊ ဘယ်လ်ဂျီယံ၊ ဆွီဒင်နဲ့ မက္ကဆီကိုအသင်းတွေရဲ့ အဝေးကွင်းဒီဇိုင်းသစ်တွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။
The post အသင်း ၉ သင်း၏ အဝေးကွင်း ဂျာစီများ Adidas မိတ်ဆက်ပြသ appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။