တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံကို စံပြ ဆိုရှယ်လစ်နိုင်ငံကြီးအဖြစ် တည်ဆောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
စံပြဆိုရှယ်လစ်နိုင်ငံကြီးကို တည်ဆောက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မိန့်ခွန်းပြောကြားခဲ့ရာမှာ “အခုရာစုနှစ်ဝက်ရဲ့ စည်ပင်သာယာဝပြောသော၊ တည်ငြိမ်အေးချမ်းမှုရှိသော၊ လူမှုအဆင့်အတန်းမြင့်မားသော၊ ဒီမိုကရေစီနည်းကျသော စံပြ ဆိုရှယ်လစ်နိုင်ငံကြီးကို တည်ဆောက်ဖို့က ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ အခုလို နက်နဲတဲ့ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ဆောင်ဖို့ ပိုပြီး လမ်းပွင့်လာအောင် ချဲ့ထွင်ဖို့ ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင်သစ်တွေ ထပ်လောင်းပေါင်းထည့်နိုင်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးမြှင့်တင်နိုင်ဖို့အတွက် ကျနော်တို့အားလုံး ကျားကုတ်ကျားခဲ ကြိုးပမ်းကြရမှာပါ” လို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
ဆက်လက်ပြီး မိမိတို့ရဲ့ ဆိုရှယ်လစ်ဒီမိုကရေစီလမ်းစဉ်ဟာ ပြည်သူလူထုကို ဒီမိုကရေစီ အခွင့်အရေး အပြည့်အဝနဲ့ စိတ်ကျေနပ်မှုရှိစေဖို့ လိုအပ်ကြောင်း၊ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် မိမိတို့အနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကြိုးပမ်းသွားရမည်ဖြစ်ကြောင်းနဲ့ ပါတီဟာ စစ်တပ်ကို အကြွင်းမဲ့ဦးဆောင်ပြီး အင်အားတောင့်တင်းသော စစ်တပ်ကြီးကို တည်ဆောက်ရမည် ဖြစ်ပါကြောင်း သမ္မတ ရှီကျင့်ဖျင်က ထည့်သွင်းပြောကြားသွားပါတယ်။
The post စံပြဆိုရှယ်လစ်နိုင်ငံဖြစ်အောင် တည်ဆောက်ရန် တရုတ်သမ္မတ တိုက်တွန်း appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။