အီတလီရဲတပ်ဖွဲ့ဟာ မတ်လ ၂၉ ရက်နေ့က ပြုလုပ်တဲ့ အကြမ်းဖက်မှုနှိမ်နှင်းရေး စီးနင်းမှုတခုမှာ တူနီးရှားနိုင်ငံသား ၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ဒီစီးနင်းမှုဟာ ရောမမြို့ဝန်းကျင်ရှိ သံသယဖြစ်ဖွယ် အကြမ်းဖက်မှု ထောက်ခံသူတွေကို နှိမ်နှင်းတဲ့ အဓိက စစ်ဆင်ရေးတခုဖြစ်တယ်လို့ အီတလီရဲတပ်ဖွဲ့က ဆိုပါတယ်။
အခုစီးနင်းမှုမှာ ၂၀၁၆ ခုနှစ်က ဂျာမနီနိုင်ငံ ဘာလင်မြို့ ခရစ္စမတ်ဈေး အကြမ်းဖက်မှု လုပ်ဆောင်ခဲ့သူ အန်းနစ်အမ်မရီနဲ့ အဆက်အသွယ်ရှိတယ်လို့ သံသယရှိတဲ့ တူနီးရှား ၅ ဦးကို ဖမ်းဆီးခဲ့တာပါ။
အဲဒီ ဘာလင်တိုက်ခိုက်မှု လုပ်ဆောင်ပြီး ၄ ရက်အကြာ အီတလီနိုင်ငံ မီလန်မြို့အနီးမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်သမား အမ်မရီကို အသေပစ်သတ်ခဲ့ပါတယ်။
အီတလီနိုင်ငံဟာ နိုင်ငံတွင်း ဝင်ရောက်လာတဲ့ နိုင်ငံခြားသားနှင်ထုတ်မှု တိုးမြှင့်လုပ်ဆောင်နေသလို အခုစီးနင်းမှုဟာလည်း ဒီလအတွင်း ပြုလုပ်တဲ့ အလားတူ စီးနင်းမှုတွေထဲက နောက်ဆုံးတခုဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
The post အကြမ်းဖက်မှုနှိမ်နင်းရေး စီးနင်းမှုအတွင်း တူနီးရှားနိုင်ငံသား ၅ ဦးကို အီတလီရဲတပ်ဖွဲ့ ဖမ်းဆီး appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။