ဒီလအစောပိုင်းက ဗြိတိန်မှာ ဖခင်နဲ့အတူ အာရုံကြော အဆိပ်ခတ်ခံခဲ့ရတဲ့ ရုရှားသူလျှိုဟောင်း ဆာဂီဆက်ခရီပေါလ်ရဲ့ သမီးဟာ အခြေအနေ အမြန်တိုးတက်လာပြီး အသည်းအသန် အခြေအနေကနေ လွတ်မြောက်လာပြီလို့ သူတို့ကို ကုသပေးနေတဲ့ ဆေးရုံက မတ်လ ၂၉ ရက်နေ့မှာ ပြောပါတယ်။
ဒါပေမယ့် အထူးကုတွေရဲ့ စောင့်ရှောက်မှုကို ၂၄ နာရီ ဆက်ပြီး လက်ခံကုသရဦးမယ်လို့ စလစ်ဘာရီခရိုင်ဆေးရုံမှ ဆေးဘက်ညွှန်မှူးက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။
ယူလီယာရဲ့ ဖခင်ကတော့ အသည်းအသန် အခြေအနေမှာ ရှိနေဆဲပေမယ့် ဆေးရုံပေါ်မှာ အခြေအနေ တည်ငြိမ်နေပါတယ်။
သူတို့သားအဖဟာ သူတို့ အိမ်ရှေ့တံခါးမှာ ထားခဲ့တဲ့ အာရုံကြောအဆိပ် သင့်ခဲ့ကြတာလို့ ဗြိတိန် အကြမ်းဖက်မှု တိုက်ဖျက်ရေးရဲက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို လူသတ်ဖို့ ကြိုးစားမှုနဲ့ ဗြိတိန်အစိုးရက စွပ်စွဲပါတယ်။
လက်တုံ့ပြန်ဖို့ ရုရှားသံတမန်အဖြစ် အကာအကွယ်ယူ အလုပ်လုပ်နေတဲ့ သူလျှိုတွေလို့ စွပ်စွဲပြီး ရုရှားနိုင်ငံသား ၂၃ ယောက်ကိုလည်း တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ပါတယ်။
The post အာရုံကြော အဆိပ်ခတ်ခံရသည့် ရုရှားသူလျှိုဟောင်း၏သမီး ကျန်းမာရေးအခြေအနေ တိုးတက် appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။