မန်ယူအသင်းမန်နေဂျာ မော်ရင်ဟိုဟာ အသင်းဆုဖလားတွေ ရရှိနိုင်ရေးအတွက် အသင်းကိုပြန်ဖွဲ့စည်းဖို့ ဆန္ဒရှိနေပြီး နောက်လ ဇန်နဝါရီမှာ လက်မှတ်ရေးထိုးတာတွေ လုပ်သွားမယ်လို့ ပြောပါတယ်။
သူဟာ အာဆင်နယ်အသင်းက အိုဇေးလ်နဲ့ အက်တလက်တီကိုမက်ဒရစ်အသင်းက ဂရီးဇ်မန်းတို့ကို စိတ်ဝင်စားနေပြီး သင့်တော်မှန်ကန်တဲ့ အပေးအယူ ဖြစ်နိုင်မယ်ဆိုရင် သူလုပ်စရာရှိတာလုပ်သွားမယ်လို့ မော်ရင်ဟိုက ဖွင့်ပြောလိုက်ပါတယ်။
ဂရီးဇ်မန်းကတော့ အက်တလက်တီကိုအသင်းကနေ မကြာခင် ထွက်ခွာမှာဖြစ်တယ်လို့ ဒီးဂိုဆိုင်းမ်ဝမ်းက အခိုင်အမာပြောပါတယ်။
ဒါပေမယ့်လည်း မော်ရင်ဟိုကတော့ ကစားသမားတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ ကလပ်အသင်းတွေကိုတောင် မပြောထားဘူးလို့လည်း ဆိုပါတယ်။
အိုဇေးလ်ဟာ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ရောက်လာဖို့များနေပြီး အာဆယ်နယ်နည်းပြ အာဆင်ဝင်းဂါးကတော့ အိုဇေးလ်ရော အလက်စ်ဆန်းချက်စ်ရော ရာသီမကုန်ခင်မှာ အသင်းကနေ ခွာသွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောထားပါတယ်။
ဝင်းဂါးကတော့ သူဟာ ကိစ္စတိုင်းကို တဦးချင်းစီ သီးခြားစီ ခွဲခြမ်းစိတ်ဖြာသွားမှာဖြစ်တယ် လို့ ပြောပါတယ်။
The post ဆုဖလားရရန် အသင်းကို ပြန်လည်ဖွဲ့စည်းမည်ဟုမန်ယူနည်းပြ မော်ရင်ဟို ပြော appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။