ထိုင်းနိုင်ငံမှာ ခြေနှစ်ဘက် ဆုံးရှုံးခဲ့ရတဲ့ ခွေးတကောင်ကို ဆွိုင်းဒေါ့ ဖောင်ဒေးရှင်းက ခြေတုတပ်ပေးခဲ့ပြီး အခြားခွေးတွေနဲ့ တန်းတူ ဘ၀ကို နေထိုင်နို်င်အောင် ကူညီပေးခဲ့ပါတယ်။
ကိုလာလို့ အမည်ရတဲ့ခွေးဟာ ဖိနပ်ဝါးစားမှုကြောင့် သူ့သခင်ရဲ့ အိမ်နီးနားချင်း တဦးက သူ့ရဲ့ခြေတွေကို ဖြတ်ပစ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဆွိုင်းဒေါ့ဖောင်ဒေးရှင်းလို့ အမည်ရတဲ့ တိရိစ္ဆာန် ကယ်ဆယ်ရေး အသင်းရဲ့ အကူအညီကြောင့် သူရဲ့ကံတရားဟာ ပြန်လည် ဦးမော့လာခဲ့ပါတယ်။
အဲဒီ ဖောင်ဒေးရှင်းဟာ ကိုလာ့အတွက် ခြေတုဖန်တီးသူဆီမှာ ကမ္ဘာ့ပထမဆုံး ခွေးခြေတုကို ဖန်တီးပေးခဲ့ပါတယ်။
ခြေတုဖန်တီးပေးသူက “အဲဒါကို လူတွေမြင်ရင် ခွေးတစ်ကောင်တောင် ဘ၀ကို ဒီလို အရှုံးမပေးရင် ငါတို့လည်း အရှုံးမပေးဘူး ဆိုပြီး သဘာထားပြောင်းလဲလာလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီ ဆွိုင်းဒေါ့ ဖောင်ဒေးရှင်းဟာ အာရှတလွှားမှာ ခွေးသားရောင်းဝယ်မှုကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
၂၀၀၃ ခုနှစ်က စပြီး အဲဒီဖောင်ဒေးရှင်းဟာ ခွေးကောင်ရေ ၁၅,၀၀၀ ကျော်ကို လူတွေ စားသုံးမှုကနေ ကယ်တင်ခဲ့ပြီး ကိုလာ့လို ခွေးတစ်ကောင်ကို တခြားခွေးတွေနဲ့ တန်းတူဖြစ်အောင် ကူညီပေးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
The post ထိုင်းတွင် ခြေနှစ်ဖက်ပြတ်သွားသည့် ခွေးအား ခြေတုတပ်ပေး appeared first on DVB.
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။