
ရန်ကုန် ဒီဇင်ဘာ ၂၇ ။ ။ မြန်မာနိုင်ငံတွင် အထူးစိတ်ဝင်စားကြသည့် FLEA Market (ဂျပန် Style ၁၀ပြား ဈေး) ဈေးရောင်းပွဲတော်ကို လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် လွတ် လပ်ရေးနေ့တွင် (၇) ကြိမ်မြောက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဂျပန်စတိုင် ဆယ်ပြားဈေးကို ဒီဇင်ဘာ ၄ ရက်က ပြည်သူ့ဥယျာဉ်၌ (၆)ကြိမ်မြောက် ကျင်းပ ခဲ့ပြီးနောက် ပြည်သူများ၏တောင်းဆိုချက်အရ ရန်ကုန်မြို့၊ ပြည်လမ်းရှိ စိန်ဂေဟာ စူပါစင်တာတွင် ပြုလုပ်သွားမည်ဟု မြန်မာ- ဂျပန် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးအေးမင်း က ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက စိန်ဂေဟာစင်တာတွင် ပြုလုပ်ခဲ့သည့် စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောသည်။
၁၀ ပြားဈေးဆိုသည်မှာ ဂျပန်နိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော်၊ လစဉ် ပထမတနင်္ဂနွေနေ့တိုင်း၊ ရပ် ကွက်အလိုက် ကျင်းပသည့် ဈေးပွဲဓလေ့တစ်ခုဖြစ် ပြီး၊ မိမိအိမ်တွင် အသုံးပြုပြီး၊ မပျက်စီးသေးသည့် ပစ္စည်းများကို ဈေးပေါပေါဖြင့် ပြန်ရောင်း၊ ပြန်ဝယ် လုပ်ကြသည့် ဈေးပွဲဖြစ်သည်။
ယင်းသို့ တန်ဖိုးရှိ သည့်ဂျပန်ယဉ်ကျေးမှုဓလေ့တစ်ခုကို မြန်မာနိုင်ငံ တွင် မိတ်ဆက်ပေးချင်သည့်အတွက် ယင်းဈေးပွဲ တော်များ စီစဉ်ပေးနေခြင်းဖြစ်သည်ဟု မြန်မာ- ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဒုတိ ယဥက္ကဋ္ဌ ဦးအေးမင်းက မဇ္ဈိမသို့ ပြောသည်။
” ဂျပန်နိုင်ငံမှာမြင်တွေ့ရတဲ့ယဉ်ကျေးမှုလေး တစ်ခုပေါ့၊ ကိုယ့်အိမ်မှာ အသုံးမလိုတော့တဲ့ပစ္စည်း အကောင်း လေးတွေက တစ်ခြားလူတွေအတွက် အသုံးကျတယ်လေ၊ ဖလှယ်တာပေါ့၊ ဈေးပေါပေါနဲ့ ပြန်ရောင်း ပြန်ဝယ်တဲ့ ယဉ်ကျေးမှုလေးတစ်ခုပေါ့၊ မြန်မာနိုင်ငံမှာလည်း အိမ်တွေမှာ အဲဒီလိုပစ္စည်း လေးတွေရှိတယ်လေ၊ အဲဒါလေး တွေကို တစ်ခြား လူတွေကို မျှဝေလို့ရတယ်ဆိုတဲ့ယဉ်ကျေးမှုလေး တစ်ခု မြန်မာပြည်မှာ ပွားများစေလိုတဲ့ ရည်ရွယ် ချက်ကလေးနဲ့ ဒီပွဲတော်လေးတွေ ကျွန်တော်တို့ အသင်းက စီစဉ်နေတာ” ဟု မြန်မာ- ဂျပန် လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းက မဇ္ဈိမသို့ ပြောသည်။
မကြာမီကျင်းပမည့် (ဂျပန် Style ၁၀ ပြားဈေး) ဈေးရောင်းပွဲတော်ကို မြန်မာ- ဂျပန် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအသင်းက စီစဉ်၍ စိန်ဂေဟာ စင်တာနှင့်ပူးပေါင်းကျင်းပသွားမည်ဖြစ်သည်။
” လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဆိုင်ခန်း တွေကို ပရဟိတအခမဲ့နေရာပေးချင်တာရယ်၊ ဂျပန် လူမျိုးတွေရဲ့ ဒီယဉ်ကျေးမှုလေးကို အတုယူရင်း မြန်မာပြည်သူတွေကို ဂျပန်ပစ္စည်းတွေ ဈေးနှုန်း ချိုချိုနဲ့သုံးစေချင်တာရယ်၊ နောက်ပြီး စိန်ဂေဟာ စင်တာရဲ့ ကာစတန်မာတွေကို နှစ်သစ်ကူးမှာ ပျော်ရွှင်ချမ်းမြေ့စေလိုတဲ့ရည်ရွယ်ချက်တွေကြောင့် Myanmar Janpan SEDA နဲ့ပူးပေါင်းစီစဉ် ဖြစ်တာပါ” ဟု စိန်ဂေဟာ စူပါစင်တာ၏ ဒါရိုက်တာ ဖြစ်သူ မချောဇင်က ပြောသည်။
ယင်းဈေးရောင်းပွဲတော်တွင် ဂျပန်နိုင်ငံမှ လူသုံးကုန် ပစ္စည်း (Second Hand) များ ၇၀ ရာခိုင်နှုန်း ပါဝင် မည့် ဈေးဆိုင်ခန်းပေါင်း ၃၀ ကျော်စီစဉ်ထားပြီး၊ ဈေးနှုန်းတန်ဖိုးများကို လူတိုင်းလက်လှမ်းမီနိုင်သည့် ကျပ်ငွေ ထောင်ဂဏန်းမှ သောင်းဂဏန်း အထိသာ သတ်မှတ်ထားသည်။ ရောင်းချမည့်ပစ္စည်းများမှာ ဂျပန်နိုင်ငံဖြစ် လူသုံးကုန်ပစ္စည်းမျိုးစုံနှင့် အီလက် ထရောနစ်ပစ္စည်းများလည်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် နှစ်သစ်ကူး အထူးလျှော့ဈေးအစီအစဉ်ဖြင့် အခြား ပြည်တွင်း၊ ပြည်ပ ပစ္စည်းမျိုးစုံကိုလည်း အထူးလျှော့ဈေးများဖြင့် ရောင်းချသွားမည့်အပြင်၊ ဂျပန် Yukata အလှဝတ် ဆင် ဓါတ်ပုံရိုက်ကူးခြင်း၊ ဂျပန်ရိုးရာဓါးသိုင်းအလှပြိုင်ပွဲများ၊ ဂျပန်အစားအစာ ပြိုင်ပွဲများ၊နှင့် ဂျပန်ယဉ်ကျေးမှုအနုပညာ အဆို၊ အက တင်ဆက်မှုများလည်း ဖျော်ဖြေသွားမည်ဖြစ် ကြောင်း သိရသည်။ ။
စာဖတ်ပရိတ်များ COMMENT ရေးသားနိုင်သည်။